စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

စစ်ကိုင်း ဩဂုတ် ၃၁

စစ်ကိုင်းမြို့နယ် ကြက်ခြေနီအသင်းခွဲက မြို့နယ်အတွင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးများကို ဩဂုတ် ယမန်နေ့က လိုက်လံဆော်ဩပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် စစ်ကိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့မှ ဦးဝင်းနိုင် ခေါင်းဆောင် သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် မြို့တွင်းအများပြည်သူသွားလာနေသည့် တာရိုးကြီးလမ်း၊  မြို့မဈေး တောင်ဘက်နှင့် အရှေ့ဘက်လမ်းမကြီးတစ်လျှောက်မှ ရွာထောင်၊ ရွှေမင်းဝံရပ်ကွက် လမ်းမကြီး တစ်လျှောက်နှင့် အဓိကနေရာများ၊ မြို့ပေါ်ရပ်ကွက်များသို့ အရေးပေါ် လူနာတင်ယာဉ်ကို အသုံးပြုလျက် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် ကျန်းမာရေး အသိပညာ ပေးများကို လိုက်လံဆော်ဩပေးလျက်ရှိကြောင်း သိရည်။

မျိုးဝင်း (ပြန်/ဆက်)