ထန်းတပင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထား

ထန်းတပင်(ပဲခူး) ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင် (၁၈)ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)နှင့် ပဲခူးတိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည်တင်သွင်းထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း(၈)ဦးတို့၏ အမည်စာရင်းကြေညာချက်ပုံစံ (၁၀-က)များအား ထန်းတပင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ယနေ့ နံနက် ၉ နာရီက ကပ်ထားကြေညာထားသည်။

ထို့အပြင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး များနှင့် သက်ဆိုင်ရာဌာနများတွင် ကပ်ထားကြေငြာထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)