ရန်ကုန် သြဂုတ် ၃၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးမှ စိစစ် ရွေးချယ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ထုတ်ပြန် ကြေညာပေးခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်မှ လွှတ်တော် အသီးသီး တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများအား ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး (၂၀)ခုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း(၈)ဦး၊ အမှတ်(၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း(ရခိုင်တိုင်းရင်းသား လူမျိုး)(၆)ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (ကရင်တိုင်းရင်းသားလူမျိုး) (၇)ဦးဖြင့် စုစုပေါင်းကိုယ်စားလှယ်လောင်း (၃၆) ဦးစာရင်း အား ကပ်ထားကြေညာပေးထားခြင်းဖြစ်ပြီး ပြည်သူများမှ ရွေးကောက်ပွဲမကျင်းပမီတွင် မိမိတို့ ဆန္ဒမဲပေး ရွေးချယ် မည့် ကိုယ်စားလှယ်လောင်းကို လေ့လာနိုင်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခု ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)