သတင်းများ

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသောအသက်(၂)အောက် ကလေးသူငယ်များအား တတိယကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT ) ထောက်ပံ့ငွေများ ပေးအပ်
Aug 31,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မ ှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ် ကျေးရွာ (၇)ရွာတွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများ ကျင်းပ
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးရွာ (၇)ရွာတွင် NEP- Phase -1  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာအသီးသီး၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊  စမ်းချောင်းမြောက်ရပ်ကွက်တွင် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ယာရောက် ကွင်းဆင်း၍ တိုက်ဆိုင်စိစစ်
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊  စမ်းချောင်းမြောက်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၀ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ယာရောက် ကွင်းဆင်း၍ တိုက်ဆိုင်စိစစ်ခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၌ ရေမြောင်းအတွင်း အမှိုက်သရိုက်များဆယ်ယူခြင်း ဆောင်ရွက်
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်း မွန်စေရန် ရည်ရွယ်၍ ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူခြင်းနှင့် မြောင်းချေးများ ဆယ်ယူခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဒီးမော့ဆိုမြို့မဈေးသို့ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ (Mask) တပ်ဆင် အသုံးပြုရေး အသိပညာပေး
Aug 31,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက်
ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူများ နေထိုင်သည့် ယာယီရေဘေးစခန်းများပိတ်သိမ်း
Aug 31,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စုများအား ယာယီရေဘေးစခန်းများတွင် နေရာ ချထားပေးခဲ့ရာ ရေဘေးသင့်ပြည်သူ့များ နေထိုင်သည့် ယာယီရေဘေးစခန်းများရှိအိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင် ကြသဖြင့် ယမန်နေ့ နံနက်ပိုင်းကစတင်ကာ ယာယီရေဘေးစခန်းများ ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်း ပြုလုပ်နေမှုအား စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ် စေရန်နှင့် ရေမြောင်း ပိတ်ဆို့မှုများ မရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်း ပြုလုပ်နေမှုအား စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။