ကမာရွတ် ဩဂုတ် ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ Bar ၊ Night Club ၊ KTV နှင့် ဟိုတယ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိအား ကြပ်မတ်စစ်ဆေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ ပူးပေါင်း၍ ယ မန်နေ့ ညနေ (၅)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း၌ ဟိုတယ်နှင့် သီးခြားနေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် ခွင့်မရှိစေရေး ခရိုင် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးစီး၍ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာမှု မရှိသည့် ဆိုင်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာ ၍ ပိတ်သိမ်းထားရှိသည့် ဆိုင်များအား ထပ်မံအသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)