သတင်းများ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးပိုလျှံ ခွင့်ပြု ရန်ပုံငွေဖြင့် ဇလပ်ဖြူလမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ  ဇလပ်ဖြူလမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ရန် စာရင်းများ ကောက်ယူ
Aug 31,2020
ကိုဗစ်-၁၉ ​ ​ရောဂါကာလအတွင်း ကိုယ်ဝန်​ဆောင် မိခင်များအား​နိုင်ငံ​တော်မှ​တစ်ဦးလျှင် ​ငွေကျပ် သုံး​သောင်း​ ထောက်ပံ့​ပေးနိုင်​ရေးအတွက် ကိုယ်ဝန်​​ဆောင်မိခင်စာရင်း​ ကောက်ယူခြင်း အစီအစဉ်ကို ယ​နေ့နံနက ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ (​ရွှေဟင်္သာ) ခန်းမ၌ပြုလုပ်သည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Aug 31,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည် နှိုးဆော်ပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက သုံးခွမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၀င် များက မြို့ပေါ်ရပ်ကွက်၁၂အတွင်း လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ၏ အမည်စာရင်း ကြေညာထားမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 31,2020
ရှမ်းပြည်နယ်‌(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့ တွင် ကျင်းပပြုလုပ် မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအား မဲဆန္ဒရှင် မိဘပြည်များ ဆန္ဒမဲပေး ရာတွင်အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မည်စာရင်း ကြေညာ ထားရှိမှု ကို ယနေ့နံနက် ၉ နာရီအချိန်က မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦး‌ကျော်မျိုးထက် ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲ အရာရှိ ဦးအောင်ကိုကိုဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့‌ ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူထုအခြေပြုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင် လှူဒါန်းပွဲ ကျင်းပ
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာရေးဆရာ မင်းကိုနိုင်၏ နောက်ကြည့်မှန် စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် မြို့နယ်စာရေးဆရာအသင်းက လှူဒါန်းသည့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့ ညနေက လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထီးလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများသို့အသိပေး ပန်ကြားချက်များအား လှည့်လည် နှိုးဆော်
Aug 31,2020
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများသို့ အသိပေးပန်ကြား ချက်များအား သြဂုတ် ၃၀ ရက်နေ့ညနေ ၅နာရီအချိန်တွင် ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ကော့မှူး၌ နှာခေါင်းစည်း Mask မတပ်ဆင်သူများအား အခုဝယ်အခုတပ်စနစ်ဖြင့် ဆောင်ရွက်
Aug 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကြိုတင်ကာကွယ်နိုင်‌ရေး အတွက် ယ‌နေ့နံနက်က လူစည်ကားရာနေရာများဖြစ်‌သော ဈေးနှင့် လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။