ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ် လမ်းခင်းခြင်း ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေး ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ်လမ်း တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက် နေသော နံ့သာကုန်းရပ်ကွက်၊ ရွှေပြည်အေးလမ်း အရှည်(၁၀၈၀)ပေ၊ အကျယ်(၂၀)ပေနှင့် ထုအမြင့်(၆)လက်မရှိ ကွန်ကရစ် လမ်းခင်း ခြင်း ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)