ကန်ကြီးထောင့်မြို့နယ် ကြက်ခြေနီမှ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေ

ကန်ကြီးထောင့်   ဩဂုတ် ၃၁

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကြက်ခြေနီမှ ယနေ့နံနက် ၉ နာရီက ကန်ကြီးထောင့် မြို့မဈေး၌ နှာခေါင်းစည်း (Mask)အခု ၂၀၀ အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေရာတွင် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးညွန့်လွင်နှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကိုဗစ် - ၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက မြို့မဈေးအတွင်းနှင့် ဈေးရှေ့ လူစည်ကားရာ နေရာများတွင် ဈေးရောင်း၊ ဈေးဝယ်များနှင့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)