ရန်ကင်း သြဂုတ် ၃၁
၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကင်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စား လှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့မှစတင်ကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ကြေညာရာတွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကင်းမြို့နယ်က ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(ကရင် တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အများပြည်သူ သိရှိစေရန် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)