ကန့်ဘလူ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်အတွင်းရှိ အသက် ကိုးနှစ်မှ ဆယ်နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြို တင်ကာကွယ်နိုင်ရေးအတွက် ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papillioma Virus(HPV) ဆေးထည့်သွင်းထိုးနှံခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက် တာနေမိုးနှင့်ဆရာ ဆရာမများ၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းသင်တန်းသားများ၊ သင်တန်းနည်းပြ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ရီရီဝင်း နှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးတင်အောင်ထွန်း တို့က တက်ရောက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများ၏ စတုတ္ထမြောက် အဖြစ်အများဆုံး ရောဂါဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ အများစုသည် HPV ပိုးကြောင့်ဖြစ်ကာ HPV ပိုးအမျိုးအစား (၁၆) နှင့် (၁၈) ပိုးများသည် သားအိမ်ခေါင်းကင်ဆာ အားလုံး၏၇၀ ရာခိုင်နှုန်းကို ဖြစ်စေသည်။HPV ပိုးသည် လိင်ဆက်ဆံခြင်းမှ အဓိကကူးစက်ခြင်းကြောင့် လိင် ဆက်ဆံခြင်းမရှိသေးသည့် ခုခံအား အမြင့်ဆုံး အသက်အရွယ်ဖြစ်သည့် ကိုးနှစ်မှဆယ်နှစ် မိန်းကလေးများကို တစ်နှစ်မှာတစ်ကြိမ်၊ ၁၂ လခြား၍ နှစ်ကြိမ်ထိုးပေးမည်ဖြစ်ပြီး ကာ ကွယ်ဆေး.သည် HPV ပိုးအမျိုးအစား (၁၆) နှင့် (၁၈) ပိုးကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကာ သားအိမ်ခေါင်းဖြစ်စေသော အခြားအန္တရယ်ရှိသော HPV ပိုးအမျိုးအ စားများကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ကြောင်းနှင့် HPV ကာကွယ် ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံ ခြင်းဖြင့် အစောဆုံး ကာကွယ်မှုရရှိ နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သင်တန်းနည်းပြဆရာမ ဒေါ်ရီရီဝင်း ထံမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)