ဒီးမော့ဆိုမြို့မဈေးသို့ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ (Mask) တပ်ဆင် အသုံးပြုရေး အသိပညာပေး

ဒီးမော့ဆို ဩဂုတ်  ၃၁

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး အတွက် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့မဈေး၌ ဝင်ထွက်သွား လာနေသော ပြည်သူများအားမဖြစ်မနေ (Mask) တပ်ဆင်အသုံးပြုရေး အသိပညာ ပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ အသိပညာပေးစစ်ဆေးဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ် COVID-19  ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ဈေးကော်မတီ ဝင်များက ဈေးအဝင်အထွက် နေရာများ၌ COVID-19 ရောဂါ မဖြစ်ပွားစေရေး (Mask) တပ်ဆင်အသုံးပြု၍ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာကြရန်နှင့် ဈေးအတွင်းသို့ ဝင်ထွက် သွားလာနေသောပြည်သူများအားမဖြစ်မနေ (Mask) တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်ပြီးဈေးအတွင်းရှိဈေးသူဈေးသားများအား (Mask) တပ်ဆင် အသုံးပြု ခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ မဖြစ်ပွားစေရေးအတွက် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အသိပညာပေး လုပ်ငန်းများကိုအရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့နယ်အဝင်အထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်များ၌ ဝင်ထွက်သွားလာနေသော ပြည်သူများအားကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)