အင်းစိန်မြို့နယ်၌ ရေမြောင်းအတွင်း အမှိုက်သရိုက်များဆယ်ယူခြင်း ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူခြင်းနှင့် မြောင်းချေးများ ဆယ်ယူခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ သည်။

ဆောင်ရွက်ရာသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက် အတွင်း လမ်းများ၌ မြို့နယ်ရေနှင့် သန့်ရှင်မှုဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ စည်ပင်ရေလုံ လောက်စွာ ရရှိနိုင်စေရန် ရေပိုက်အသေး နေရာတွင် ရေပိုက်အကြီး အသစ်များနှင့် လဲလှယ်တပ်ဆင်ပေးနေသလို ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရန် မြို့နယ် ရေစီး ရေလာနှင့် ရေဆိုးစီမံ ခန့်မှုဆိုင်ရာ လုပ်ငန်းတာဝန် အဖွဲ့မှ မြောင်းရှင်းလုပ်သားများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ကိုယ်ထူကိုယ်ထ လူငယ်များ စုပေါင်းလုပ်အားဖြင့် ရေမြောင်းဆယ်ခြင်း၊ မြောင်းကြေး များ ဆယ်ယူခြင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)