သတင်းများ

ဂန့်ဂေါတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြ
Aug 31,2020
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မျိုးစေ့ထုတ်စိုက်ခင်းများအားလုံး စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တသီးပုဂ္ဂလနှင့် ပါတီ(၁၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၁၉၀) ပါဝင် ယှဉ်ပြိုင်မည်
Aug 31,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းမှ တသီးပုဂ္ဂလနှင့် ပါတီအသီးသီးမှ ယှဉ်ပြိုင်အရွေးခံကြမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ကြေညာ ကပ်ထားသည်ကို တွေ့ရသည်။ အလားတူ ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကြေငြာပေးမည်ဖြစ်သည်။
မြင်းခြံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးပြားများ လွှဲပြောင်းပေးအပ်
Aug 31,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင် အသစ် ပြုလုပ်နိုင်ရေး၊ အိမ်ထောင် ဇယားတွင် မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ ပျောက်ဆုံးသူများ၊ အသက် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့် မဆုံး စေရေးတို့အတွက် မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
Aug 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေး စေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ မြို့နယ်အတွင်းရှိ လမ်းများတွင် ပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရှိရသည်။
မိုင်းခတ်မြို့နယ်၌ (ဒုတိယအကြိမ်) ဆုံဆို့နာရောဂါ တုန့်ပြန်ကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေး
Aug 31,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာ ရောဂါ တုန့်ပြန်ကာကွယ်ဆေးနှင့် အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝမ်ခုတ်အုပ်စု၊ နောင်ဖူ ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Aug 31,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သရက်နှင့်ပတ်သက်သော နည်းပညာများကို သိရှိစေရန် Online မှ တဆင့် Training များ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေး
Aug 31,2020
ကိုဗစ် − ၁၉ ရောဂါ ကာလဖြစ်သည့်အတွက် ယခင်နှစ်များကဲ့သို့ သင်တန်းများမပေးနိုင်သည့် အတွက် သရက်နှင့်ပတ်သက်သော နည်းပညာများကို သိရှိစေရန် Online မှတဆင့် Training များ၊ ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယင်းတို့ကို Live အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်ပေးနေကာ သိရှိ လိုသည်များကို မေးမြန်းနိုင်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်ထောက်ပံ့‌ငွေများ ပေးအပ်
Aug 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား‌၊ ကျောင်းသူများအား လစဉ်