ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်း ပိတ်ဆို့မှုများ မရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်း ပြုလုပ်နေမှုအား စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ သည်။
အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ကျောင်းလမ်းနှင့် လမ်းသွယ်အတွင်း (အ.ထ.က(၄) ကျောင်းဘေးနှင့် နောက်ကျောနေရာ) တွင် ရေစီးရေလာကောင်းမွန်မှု မရှိခြင်းကြောင့် လမ်းမပေါ်ရေတင် ကာ ရပ်ကွက်နေပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေ သဖြင့် ခရိုင်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး EE ဦးသန်းအောင်ဦးမှ တာဝန်ယူ၍ အုတ်ရေမြောင်းများ ပြုလုပ်ကာ ရေစီး ရေလာကောင်းမွန်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)