စမ်းချောင်း ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၀ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ယာရောက် ကွင်းဆင်း၍ တိုက်ဆိုင်စိစစ်ခဲ့ကြောင်းသိရသည်။
စိစစ်ရာတွင် မဲစာရင်းနှင့် အိမ်ထောင်စုစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး တို့အတွက် မြို့နယ်ကော်မရှင်အဖွဲ့များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း ၍ မဲစာရင်းမကျန်ရှိရေး ရပ်ကွက်အတွင်း အိမ်တိုင်ယာရောက် ကွင်းဆင်း တိုက်ဆိုင်စိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခင်ဆူးသစ် ပြန်/ဆက်