နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးရွာ (၇)ရွာတွင် NEP- Phase -1 လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာအသီးသီး၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်မီးဖွင့်လှစ်သည့် ကျေးရွာများမှာ ဈေးသာကျေးရွာ NEP- Phase -1 လျှပ်စစ်ထရန်စ ဖော်မာ 200 KVA (၁)လုံး၊ အင်းကုန်း(တ)ကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ အင်းကုန်း(မ)ကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ အိုးဘိုကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ လက်ပံတုန်းကျေးရွာ ထရန်စ ဖော်မာ 200 KVA (၁)လုံး၊ ဘူတာကျေးရွာ ထရန်စဖော်မာ 200 KVA (၂)လုံးနှင့် န-ကျားထူးကျေးရွာ ထရန်စဖော်မာ 200 KVA (၂)လုံး စုစုပေါင်း (၉)လုံးတို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်တင်လင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်သယံဇာတသဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့် စွမ်းအင်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းရွှေနှင့် ဒုတိယတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်ငြိမ်း တို့က ကျေးရွာအသီးသီး၌ လျှပ်စစ်မီးဖွင့်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ကျေးရွာတစ်ရွာချင်းအလိုက် PPE ဝတ်စုံများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)