လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူထုအခြေပြုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင် လှူဒါန်းပွဲ ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)  သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ စာရေးဆရာ မင်းကိုနိုင်၏ နောက်ကြည့်မှန် စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် မြို့နယ်စာရေးဆရာအသင်းက လှူဒါန်း သည့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့ ညနေက လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ  စာရေးဆရာမ အိမ့်ခေတ်မှူး စာရေးဆရာ မင်းကိုနိုင် ရေးသားသည့် နောက်ကြည့်မှန် စာအုပ်ပါ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေး ဆရာမ လုံမကလည်း စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာ အသင်းမှ အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများနှင့် မိမိတို၏ သဘောအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)