မြို့သစ် သြဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ ဇလပ်ဖြူလမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈လက်မရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေကျပ်( ၁၆ . ၅ )သန်းဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ - ၂ ဦးဗိုလ်ဌေးမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကာ အဆိုပါ လမ်းခင်းခြင်း လုပ်ငန်းပြီးစီးပါက ဒေသခံပြည်သူများ၏ သွားလာရေး အတွက် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန် /ဆက်)