သတင်းများ

ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာတွင် (စတုတ္ထအကြိမ်) မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေး
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မုန်တိုင်ကျေးရွာတွင်(စတုတ္ထအကြိမ်) မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးခြင်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယမြို့၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသည့် နေရပ်ပြန် ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းပို့ဆောင်
Aug 31,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ အသွားအလာကန့် သတ်စောင့်ကြည့် ထားသည့်‌ နေရပ်ပြန်ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာမြို့နယ်များသို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုသရေးကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ပြန်လည် လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက နွားထိုးကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း၌ စော်ကဲတံတားသစ်ကြီးတည်‌ ဆောက်မှုလုပ်ငန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ နှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး
Aug 31,2020
မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်တော့မည့် စော်ကဲတံတားသစ်ကြီးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေနှင့် အဖွဲ့မှ ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ်တွင် အိမ်အပြင်ထွက်လျှင် Mask စနစ်တကျ တပ်ဆင်ရေး အသိပညာပေး
Aug 31,2020
အမရပူရမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ အိမ်အပြင်ထွက်လျှင် စနစ်တကျ Mask တပ်ဆင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်း-မန္တလေး လမ်းမပေါ် ရွှေကြက်ယက် တန်ပိုတိုးဂိတ်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကလေးဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ၊ ဒုတိယအကြိမ်ဆက်လက် ထောက်ပံ့ လှူဒါန်း
Aug 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ကမ္ဘောဇဘဏ် မှ ပံ့ပိုး မတည်ငွေ၊ အများပြည်သူလူထု လှူဒါန်းထည့်ဝင်ငွေများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ထောက်ပံ့သော ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း အခြေခံ လူတန်းစားများအား စားနပ် ရိက္ခာပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အချိုရည်၊ လက်အိတ်၊ နှာခေါင်းစည်း (Mask)များကို တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တောင်လေးလုံးဂိတ်တို့ကို ဩဂုတ်လ၃၁ရက် နံနက် ၉ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ်တားဆီးရေး တောင်လေးလုံးစစ်ဆေးရေးဂိတ်တွင် တာဝန်ယူဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူများအား သွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်ပ
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။