တန့်ယန်းမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

တန့်ယန်း သြဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ အရှိန်အဟုန်မြှင့်ကာ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးနေရာတွင် သြဂုတ်လ ၂၈ ရက်နေ့အထိ နောင်လိုင်၊ ကောင်းစန်း၊ နမ့်ဟူးနောင်လိုင် စသည့် ကျေးရွာအုပ်စု (၃)အုပ်စုသို့ အသက်(၁၈)နှစ်ပြည့်ပြီး မဲစာရင်းတွင်ပါဝင်သော ကျေးရွာသားများ အားလုံးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ကွင်းဆင်းကာ ဒေသခံပြည်သူ (၁၂၇၁)ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)