ကျိုက်မရောမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ရန် စာရင်းများ ကောက်ယူ

ကျိုက်မ​ရော  သြဂုတ် ၃၁

ကိုဗစ်-၁၉ ​ ​ရောဂါကာလအတွင်း ကိုယ်ဝန်​ဆောင် မိခင်များအား​နိုင်ငံ​တော်မှ​တစ်ဦးလျှင် ​ငွေကျပ် သုံး​သောင်း​ ထောက်ပံ့​ပေးနိုင်​ရေးအတွက် ကိုယ်ဝန်​​ဆောင်မိခင်စာရင်း​ ကောက်ယူခြင်း အစီအစဉ်ကို ယ​နေ့နံနက ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ (​ရွှေဟင်္သာ) ခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ အမှတ်(၂)မူကြို ​ကျောင်းအုပ်ဆရာမကြီး​ဒေါ်ခင်​ဌေးဝင်းက နိုင်ငံ​တော်မှ ကိုယ်ဝန်​ဆောင် မိခင်များအား ​ထောက်ပံ့​ငွေ ​ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ကိုယ်ဝန်​ဆောင်မိခင်များအား စက်တင်ဘာလ ၉ ရက်​နေ့​​   နောက်ပိုင်းမှစ၍ ​ထောက်ပံ့​ငွေများ ​ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ​​ထောက်ပံ့​ငွေသည် အကျိုးခံစားခွင့်ရှိသည့် တိုင်း​ဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ် အချို့သာရရှိမှာဖြစ်ပြီး​ငွေဗိုက် (Ngwe  Bike) Application အား​ ဒေါင်းလုပ်ရယူပြီး ထုတ်ယူနိုင်မှာဖြစ်​ကြောင်း၊ ကိုယ်​ဝန်​ဆောင် မိခင်ဟု ကျန်းမာ​ရေးဌာန၏​ ဆေးရုံ၊​​ဆေးခန်း၊ အသိ အမှတ်ပြု လက်မှတ်ပါရမည်၊ ဖုန်းနံပါတ် ပါရမည် ဖြစ်ကြောင်းလူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်း​ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရပ်ကွက်/​ ကျေးရွာများမှ အုပ်ချုပ်​ရေးမှူးများ၊ ရပ်​ကျေးစာ​ရေးများနှင့် ကိုယ်ဝန်​ဆောင်မိခင်များ တက်​ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချိုချို(ပြန်/ဆက်)