မိုးနဲ သြဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့ တွင် ကျင်းပပြုလုပ် မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအား မဲဆန္ဒရှင် မိဘပြည်များ ဆန္ဒမဲပေး ရာတွင်အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မည်စာရင်း ကြေညာ ထားရှိမှု ကို ယနေ့နံနက် ၉ နာရီအချိန်က မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲ အရာရှိ ဦးအောင်ကိုကိုဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မိုးနဲမြို့နယ် ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ အမှတ်(၂)တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ် စားလှယ် လောင်းများ ၊ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုး အတွက် ဗမာ၊ ကချင်၊ အင်း၊ လီဆူ၊ လားဟူ၊ အာခါ နှင့် ကယန်း(ပဒေါင်) တို့မှ အသီးသီး ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကြေညာ ကပ်ထားမှု အရ မဲဆန္ဒ ရှင် စုစုပေါင်း (၂၇၀၂၇)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)