ထီးလင်း သြဂုတ် ၃၁
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများသို့ အသိပေးပန်ကြား ချက်များအား သြဂုတ် ၃၀ ရက်နေ့ညနေ ၅နာရီအချိန်တွင် ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးနှင့်ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလာလျှင် နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ပြီးမှ သွားလာရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ မကြာခဏလက်ဆေးကြောကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို အချိန်မီ ထိန်းချုပ်နိုင်ရန်အတွက် နေရပ်ပြန်ပြည်သူများ ဝင်ရောက်လာမှုရှိခဲ့ လျှင် ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားပေးရန်နှင့် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို တိတိကျကျလေးစားလိုက်နာကြရန်စသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်သည့် အချက်အလက်များကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေလေးငယ်(ပြန်/ဆက်)