Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တန့်ယန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် သားသမီးများအား ဂုဏ်ပြုချီးမြှင့်
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမိသားစုထဲမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လွှတ်တော်ကိုယ်းစားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးခွဲတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် သတ်မှတ်ထားသည့် နေရာများ၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား အသိပညာပေးခြင်းလုပ်ငန်း နေ့စဉ်ဆောင်ရွက်
Aug 31,2020
COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများအား အပြင်သွားတိုင်း နှာခေါင်းစည်းအသုံးပြုစေခြင်း ပညာပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ကြမည့် လွှတ်တော်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြေညာထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအတွင်း စျေးသည်များကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တကျရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး
Aug 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများဖြစ်သည့် ကျွန်းတော စျေးနှင့် ရှမ်းလမ်းစျေး(ဂွစျေး)အတွင်း ရောင်းချနေသောစျေးသည်များ ယခုကာလအတွင်း ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ၊ မရှိကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင် သာယာရေးကော်မတီဝင် ပါဝင်သော အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံခရိုင်၌ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာ
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်း ကြေညာရန်နှင့် လည်ဆွဲကတ်များ ထုတ်ပေးရန် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
Aug 31,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန် ကြေညာ
Aug 31,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ရေနံချောင်းမြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က စတင်ကာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30320
Page
30321
Page
30322
Page
30323
Current page
30324
Page
30325
Page
30326
Page
30327
Page
30328
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department