သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာ ပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁၅) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee - JCC) ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကျင်းပ
Sep 01,2020
လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee – JCC) ၏ တတိယအကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့ တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
လမ်းမတော်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် UMFCCI နှင့် ရခိုင်ပြည်နယ် CCI တို့ လက်တွဲကြိုးပမ်းဆောင်ရွက်ရေးဆွေးနွေး
Sep 01,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ရခိုင်ပြည်နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် စားနပ်ရိက္ခာများ၊ လူသုံးကုန် များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်း တည်ငြိမ်စွာ ရောင်းဝယ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သည် ရခိုင်ပြည်နယ် CCI နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ဆွေးနွေးခဲ့သည်၊၊
ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား​ဆောင်ရွက်နိုင်​ရေး Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်​ပေး
Sep 01,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့မှာ အများပြည်သူ ကိုယ်လက်လှု​ပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် ရည်ရွယ်၍ Outdoor Fitness အားကစားပစ္စည်းများကို တပ်ဆင်​ပေးထားကြောင်း သိရှိရသည်။
လသာမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်​​ဆောင်မိခင်များအား ​ထောက်ပံ့​ငွေများ​ပေးအပ်ရန်အတွက် စာရင်း​​​​​ကောက်ယူမှုများ ​ဆောင်ရွက်မည်
Sep 01,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း ၃၀၀၀ဝိ/- (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်းတပ်ဆင်ကြရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ်
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရခိုင်ပြည်နယ် ၊စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးအားဓာတ်ခွဲနမူနာရယူ
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၅)တွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန်(၁)ဦးနှင့် မိသားစုဝင်(၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါရှိ /မရှိ ဓာတ်ခွဲ အတည်ပြု နိုင်ရေး အတွက် နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
ကျောင်းကုန်းမြို့၌ ခေတ်သစ်အားမာန် ပရဟိတအသင်းမှ နှာခေါင်းစည်း ၁၅၀၀ ကျော် ဖြန့်ဝေလှူဒါန်း
Sep 01,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ခေတ်သစ်အားမာန် ပရဟိတအသင်းမှ ယနေ့နံနက် ၈ နာရီခွဲအချိန် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်း (၁၅၀၀)ကျော် ဖြန့်ဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။