ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များ ကြေညာထား

မိုင်းရယ်    စက်တင်ဘာ ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်း ပါဝင်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်စာရင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သြဂုတ် လ ၃၀ရက်နေ့မှ စတင်ပြီး ကြေညာထားရှိသည်။

မိုင်းရယ်မြို့နယ်အတွင်း လူဉီးရေ ၆၃၆၁၇ ဦးခန့်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ အထိ ၄၇၈၆၁ ဦး ရှိ၍ ဝင်ရောက် အရွေးချယ်ခံမည့် ပါတီ(၅)ခု ရှိကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်