ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအဖွဲ့မှ မဲရုံအဖြစ် ထားရှိမည့်‌ အခြေခံပညာကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကွမ်းခြံကုန်း စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံအဖြစ် ဆောင်ရွက် မည့် အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်မဲဆန္ဒရှင်ပြည့်စုံမှန်ကန် ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အဖွဲ့ဝင်များက တော်ခလူး ကျေးရွာ၊ ပီလခတ်ကျေးရွာ၊ ပကောက်ကျေးရွာ၊ တော်လန်းကျေးရွာ၊ သဲကုန်းတန်းကျေးရွာ၊ တော်ပြာ ကျေးရွာများသို့ သွားရောက်၍ ကျေးရွာကော်မရှင်ခွဲ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကိုဗစ် ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ မဲရုံများအတွင်း ကျန်းမာရေးလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် မဲရုံအကျယ်အဝန်းနှင့် မဲဆန္ဒရှင်အရေအတွက်၊ မဲပေးရာတွင် (Social-Distancing)အရ တစ်ဦးနှင့်တစ်ဦး ()ပေအအကွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ လက်ဆေးရန်နေရာ ဆောင်ရွက်ထားရှိမှု၊ သက်ကြီးပိုင်းနှင့် မသန်စွမ်းများအတွက် ဆောင်ရွက် ထားရှိမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်သူများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ပံ့ပိုးနိုင်သော ကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာရှိပြီး မဲရုံပေါင်း(၁၈၀)နှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ(၈၈၄၂၀)ခန့်ရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီ()ပါတီနှင့် လွှတ်တော် အသီးသီးတွင် ဝင်ရောက်အရွေးချယ်ခံ မည့် ကိုယ်စားလှယ်လောင်း (၁၈)ဦးရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်လောင်း(၁၃)ဦးရှိပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက သိရ သည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)