ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိရာ အမှတ်(၅၅) ရပ်ကွက် လျှပ်စစ်ဓါတ်အားရရှိမှုအား နည်းသည့်အတွက်အခက်ခဲဖြစ်​နေမှု့နှင့် အမှတ်(၁၀၅) ရပ်ကွက်​လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်း​ထောင့် Box Culvert​ ဆောက်လုပ်ရန်​ မြေသားလုပ်ငန်း​ ဆောင်ရွက်​နေမှု ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ကြည့်ရူစစ်ဆေး၍ လိုအပ်သည်များ လုပ်ဆောင်ပေးရန် ပြောကြားခဲ့ပြီး မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရူကာ လိုအပ်သည်များပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန် (ဒဂုံတောင်)