ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင် ဦး၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ နံနက်(၇)နာရီအချိန်က ဈေးများ ဌာနမှ ခရိုင်ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများနှင့်အတူ အောင်ဆန်းဈေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်း များ တပ်ဆင်ထားခြင်း ရှိ/မရှိ ခြင်း၊ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ဈေးဝယ်လာ သူများ နှာခေါင်းစည်းမပါလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်းတို့ကို လိုက်လံ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)