တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

တန့်ယန်း  စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို စက်တင်ဘာလ ၁ ရက် နံနက် ၇ နာရီက  ဗိုလ်ချုပ်လမ်း တစ်လျှောက်နှင့် မြို့မစျေးကြီးအတွင်း၌ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး အတွက်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုကို စျေးရာင်းချသူများနှင့် စျေးဝယ်လာသူများ အားလုံးကို အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေကာ စျေးရောင်းချသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချသွားရန် အသိပညာပေးသည့် Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။               

မင်းလွင်ဦး(ပြန်/ဆက်)