တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး အသိပညာပေးမှုများဆောင်ရွက်

ထားဝယ် စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များ၊ ဒေသန္တရအမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက် နာဆောင်ရွက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလာပြည်သူများအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မြို့နယ်များအတွင်း နေရာအသီးသီးခွဲ၍ ပြည်သူများနှာခေါင်းစည်း Mask များတပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန်၊ Mask များတပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား Mask များ တပ်ဆင်ပေးခြင်း၊ မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ် အကွာအဝေးအတိုင်းနေထိုင်ကြရန် စသောကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)