သတင်းများ

မြစ်သားမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
သံတောင်မြို့ Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များထောက်ပံ့
Sep 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက (ဆ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ခင်သီတာအောင်နှင့် ဝန်ထမ်းများ၊ (ဆ)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့်အဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 02,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး သံတောင်မြို့ အဝင်၊ အထွက်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇)နာရီခွဲ အချိန်က ပုဏ္ဏမီဈေး၊ မြင်သာဈေး၊ ပဒေသာဈေးများ၌ ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
Sep 02,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။
အိမ်မဲမြို့နယ်တွင် နှာခေါင်းစည်း မတပ်ပဲအပြင်ထွက်သူများကို မိုဘိုင်းစနစ်ဖြင့်စစ်ဆေး
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ယနေ့နံနက် ၇ နာရီက စတင်၍ မိုဘိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာမှုမရှိသူများအား အသိပညာပေးခြင်းများဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျောက်ဆည်မြို့အဝင် ရန်ကုန်-မန္တလေးလမ်း ကားလမ်းမပေါ်၌ နှာခေါင်းစည်းတပ်ဆင်သွားလာမှု မရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။