လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ လောင်းလုံးမြို့နယ်အတွင်းရှိ စျေးများ၊ စားသောက်ဆိုင်များတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်လာကြသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုများမရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာ ရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံထူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး မင်းလွင်နှင့်ဝန်ထမ်းများ ကျန်းမာ ရေးဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းတို့ပူးပေါင်း၍ လောင်းလုံးမြို့နယ်အတွင်းရှိ ​စျေးဆိုင်များ၊ သောကြာပြင်စျေး၊ ကမြောကြီးစျေးတို့တွင် စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ စျေးရောင်းစျေးဝယ်ပြုလုပ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး၊ ပြန်/ဆက်)