ကျောက်တံခါးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ

ကျောက်တံခါး  စက်တင်ဘာ  ၁

ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသည့် မဲဆန္ဒနယ် အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၃)ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀)နှင့် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည်တင်သွင်းထားသည့် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦးတို့၏ အမည်စာရင်း ကြေညာချက်ပုံစံ(၁၀-က) များအား ကျောက်တံခါး မြို့နယ် ရွေးကောက်ပွဲကော်ရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကပ်ထား ကြေညာထားသည်။

အဆိုပါ မဲန္ဒနယ်မြေအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးနှင့်ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)