တနိုင်းမြို့နယ်၌ နေရပ်ပြန်ပြည်သူများအား Facility Quarantine (၂၁)ရက် ကန့်သတ်ထားရှိ

တနိုင်း  စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်ပမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူ (၆)ဦးနှင့် သြဂုတ်လ(၃၁) ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူ (၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၂၁)ရက် ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါ ရှိ /မရှိ ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ပမှရောက်ရှိလာသူ ကျား(၂)ဦး၊ မ(၄)ဦးနှင့် ရန်ကုန်မြို့မှ ရောက်ရှိလာသူ မ(၁)ဦးတို့အား မြို့နယ်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့ရယူကာ သီးခြားကန့်သတ်ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)