နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၃)ဦး ၀င်ရောက် ယှဉ်ပြိုင်မည်‌

ပန်နန်းဒင်  စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာလ (၈)နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁)ဦးနှင့် အခြား ကိုယ်စားလှယ် စုစုပေါင်း(၄၃)ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်နယ်အဆင့် လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ လီဆူတိုင်းရင်းသားလူမျိုးများ ရေးရာ ကိုယ်စားလှယ်(၈)ဦး၊ ရ၀မ်တိုင်းရင်းသား လူမျိုးများရေးရာ ကိုယ်စားလှယ်(၆)ဦး၊ ရှမ်းတိုင်းရင်းသားများရေးရာ ကိုယ်စားလှယ်(၈)ဦး၊ ဗမာတိုင်းရင်းသားများရေးရာ ကိုယ်စားလှယ်(၇)ဦး စုစုပေါင်း(၄၄)ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နောယော်ဘော်(ပြန်/ဆက်)