ကျောက်တန်း စက်တင်ဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရာက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့က ကပ်ထား ကြေညာခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မဲရုံပေါင်း (၁၉၂)ရုံရှိပြီး ပထမအကြိမ် မဲစာရင်းကပ်ထားကြောချိန်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၇၃၅၁) ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ ရာတွင် အများပြည်သူများ သိရှိနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ ရုံး များ၌ ကပ်ထား ကြေညာထားသည်ဟု သိရသည်။
ကျောက်တန်းမြို့နယ်တွင် ပါတီစုစုပေါင်း (၈) ခုရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း(၇)ဦး၊ မဲဆန္ဒနယ်(၂)ခုမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(၁၃)၊ စုစုပေါင်း( ၂၇ )ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)