မင်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းများ ကောက်ယူခြင်း ဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၂

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နေပြည်တော်မှ တစ်ဦးလျှင်‌ ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။             

 အဆိုပါ ထောက်ပံ့‌ ငွေပေးရာတွင် COVID-19ကူးစက်‌ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း CERP အစီအစဉ်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးများတစ်ကိုယ်ရေသုံးပစ္စည်းများ ဝယ်ယူရန်နှင့် ဖြည့်စွက်အစားအစာများဝယ်ယူစားသုံးနိုင်ရေးအတွက်  နိုင်ငံတော်မှထောက်ပံ့ပေးခြင်းဖြစ်သည်။

မင်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးစာရင်းကောက်ယူခြင်းကို ဩဂုတ်လ( ၂၇ )ရက် နေ့မှ စက်တင်ဘာ(၁၅)ရက် နေ့အထိစာရင်းကောက်ယူမည်ဖြစ်ပြီး၊ ရပ်ကွက်/ကျေးရွာများတွင် ကိုယ်ဝန် ဆောင်အမျိုးသမီးများမကျန် ရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်စာ ရေးဝန်ထမ်းများက စနစ်တကျစာရင်း ကောက်ယူလျက်ရှိကြာင်း သိရှိရသည်။

ဇာဇာ(အထက်မင်းလှ)