COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ

ယင်းမာပင်     စက်တင်ဘာ     ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် COVID-19 ရောဂါ  ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲက ယင်းမာပင်မြို့ ကျောက်တိုင်ကွင်းရှေ့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် COVID-19 ရောဂါ  ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာသွား လာရပါက နှာခေါင်းစည်း Mask များ တပ်ဆင်အသုံးပြု သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ မပါလာသူများကို အခမဲ့ဖြန့်ဝေတပ်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)