ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ Mask များအခမဲ့ဖြန့်ဝေ

ငါန်းဇွန် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ ယမန်နေ့နံနက် ၇ နာရီခွဲက ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆုပြည့်နေကြာ၊ သောက်ရေသန့်နှင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း မိသားစုမှ Mask များ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် ဆုပြည့်နေကြာ၊ သောက်ရေသန့်နှင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းမိသားစုများမှ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် မြို့မစည်ပင်သာယာဈေးသို့ လာရောက်ကြသော ဈေးရောင်းဈေးဝယ်ပြည်သူများအား Mask (၅၀၀)ခု အခမဲ့ဖြန့်ဝေပေးကြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်ဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)