ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၂

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀) နာရီ အချိန်တွင် ကယား ပြည်နယ် လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်(၁၂) ဦး၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြသည်။ 

ဆက်လက်၍ ‌‌မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ ဆောင်ရွက်ရာတွင် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က “ကယားပြည်နယ်အတွက် နှစ်စဉ်အရေးပေါ် ရန်ပုံငွေရရှိမှုအခြေ အနေနှင့်  စပ်လျဉ်းပြီး သိရှိလိုခြင်း”  မေးခွန်းနှင့် “ပုံစံ(၇) မြေကွက်ပေါ် နေအိမ်ကျူးကျော်မှုကိစ္စနှင့် စပ်လျဉ်းပြီး သိရှိလိုခြင်း၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “မြေထိန်းနံရံတည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း” မေးခွန်းများအား မြေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေး ရေးကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီတို့က စိစစ်ချက် အစီရင်ခံစာ တင်ပြခြင်း၊ “ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)” အား ပြည်နယ်လွှတ်တော်၏ အတည်ပြုချက် ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီက စိစစ်ချက်အစီရင် ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ရာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက “၂၀၂၀ ပြည့်နှစ်၊ ကယား ပြည်နယ် စည်ပင်သာယာရေးဥပဒေ (မူကြမ်း)”ကို ပြည်နယ်လွှတ်တော်သို့ ပေးပို့ထားသည့် အတွက် ၂၀၁၄ ခုနှစ်၊ ကယား ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၆၊ နည်းဥပဒေခွဲ(ခ)(၂)အရ ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ညဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ပြည်နယ်လမ်းပန်း ဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်‌မောင်ဖြူ တင်သွင်းခဲ့သော “ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ”နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)