ဇမ္ဗူသီရိမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဇမ္ဗူသီရိ စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန်၊ မဲစာရင်းများပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် မဲဆန္ဒရှင် စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ အတွင်းရေးမှူး ဒေါ်မေမဉ္ဇူနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွှေကြာပင် ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် ဘောဂသိဒ္ဓိရပ်ကွက်များအတွင်းသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ မဲပေးခွင့်ရှိသော ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားခဲ့ရာ မိမိအမည် မဲစာရင်းတွင် မပါ၍ ပုံစံ() ဖြင့် လျှောက်ထားသူ (၈၈၀၀) ကျော်ရှိပြီး မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ () ဖြင့် ကန့်ကွက်လွှာလျှောက်ထားသူ (၂၇၀၀) ကျော်ရှိကာ ကိုယ်ရေး အချက်အလက်မှားယွင်း၍ ပုံစံ (-)ဖြင့် လျှောက်ထားသူ (၂၃၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)