လမိုင်း စက်တင်ဘာ ၄
မွန်ပြည်နယ်၊လမိုင်းမြို့သို့ ရထားခရီးစဉ်ဖြင့် ဝင်ရောက်လာသော ခရီးသွား ပြည်သူ များအား COVID-19ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယနေ့ နံနက် ၉နာရီအချိန်က လမိုင်းမြို့ဘူတာရုံ တွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့သည် ရထားခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် ခရီးသည်များအား အမည်စာရင်း ရယူခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ COVID-19 ရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေး အသိပညာ ပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်ဇာစိုး