ကျိုက်မရော စက်တင်ဘာ ၄
မော်လမြိုင်ခရိုင်၊ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန် ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာန၊(Community Center)ခန်းမ၌ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ၁၃ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် "ပြည်သူများလူကုန်ကူးမှုအန္တရာယ်မှကင်းဝေး စေရန် "ရည်ရွယ်၍Online မှတစ်ဆင့်ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးကျိုက်မရော မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရဲမှူး မင်းအောင်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတွင် နယ်မြေခြား လူကုန်ကူးမှုနှင့်ပတ်သက်၍ ကာကွယ်ပေးနိုင်မည့် နည်းလမ်းများ၊ လူကုန်ကူးခံရသူများကိုအကူ အညီပေးရမည့်လိုအပ်ချက်များ၊ မြန်မာနိုင်ငံတွင် တွေ့ရမည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန် ကူးမှုဖြစ်ပေါ်လာပါက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျိုက်မရော မြို့နယ် စာပေချစ်သူများအဖွဲ့( book club)အဖွဲ့ဝင် အလက(ခွဲ) သင်္ဃန်းချောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆွေက လူကုန် ကူးမှုခံရသော အမျိုးသမီးများတွင်တွေ့ကြုံရသည့်အခက်အခဲများကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှကူညီဆောင်ရွက်ပေးသည့်နည်းလမ်းများနှင့် ပြစ်မှုပြစ်ဒဏ်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ရဲမှူးမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချို ချို ( ပြန်/ဆက်)