တီးတိန် စက်တင်ဘာ ၄
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင် ရေးအတွက် နေအိမ်အပြင်သို့ ထွက်ပါကနှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးခြင်းကို ယမန်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်နေအိမ်မှ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ ညွှန်ကြား ချက်များအတိုင်းလိုက်နာရန်၊ လူစုလူဝေးများ ရှောင်ရှားရန်၊ လက်ဆေးခြင်းများကို တိကျစွာ လိုက်နာရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရန် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း၊ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ပြီး လမ်းသွားလမ်းလာပြည်များ သူနှာခေါင်းစည်း မတပ်ဆင်သူ များကို နှာခေါင်းစည်းအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)