မြောင် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးနက Cash For Work စီမံကိန်းဆောင်ရွက်မည့် ဖွားစောကျေးရွာ စီမံကိန်းကော်မတီဝင်များအား ကျေးရွာအဆင့် စီမံခန့် ခွဲမှုသင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က. ကျေးလက် ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိပါသည်။
သင်တန်းတွင်စီမံကိန်း အကြောင်းအရာများ၊ စီမံကိန်းတွင် ထားရှိဆောင်ရွက်ရမည့် ငွေစာရင်း ဇယားတိုင်ဖြည့်သွင်းခြင်းများ၊ ရွေးခြယ်ရမည့် လုပ်ငန်းများ၊ မရွေးခြယ်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းကော်မတီဝင်များ၏ တာဝန်နှင့်ဝတ္တရားများ အကြောင်းကို သင်တန်း နည်းပြ ဒေါ်အိမွန်ကျော် (အငယ်တန်း အင်ဂျင်နီယာ-၂) ကပို့ချပေးခဲ့ကြောင်း သိရှိပါသည်။
အဆိုပါသင်တန်းသို့ ဖွားစောကျေးရွာမှ စီမံကိန်းကော်မတီအဖွဲ့ဝင် (၁၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၁) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိပါသည်။
တင်ကိုကို