ဒီးမော့ဆိုမြို့နယ်၌ CERP အစီအစဉ်အရ ကြားပေါင်းလိုက်စက် (Power Weeder) ကိရိယာဖြင့် လက်တွေ့မောင်းနှင်ပြသ

လွိုင်ကော် စက်တင်ဘာ ၄

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ CERP အစီအစဉ်အရ ဒေသခံတောင်သူ များအား စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်နှင့် လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားများ ရှားပါးလာမှု အခက်အခဲများကို ပြေလည်စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် ထီးပိုးကလိုးကျေးရွာ လယ်ယာ မြေကွင်းတွင် ကြားပေါင်းလိုက်စက် (Power Weeder) ကို လက်တွေ့မောင်းနှင် ပြသပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် Kubota (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခဲ့သော စနစ်တကျ လယ်ယာမြေအား (Power Weeder) ကြားပေါင်းလိုက် သမန်းနိုးစက်ဖြင့် ကယားပြည်နယ် စက်မှု လယ်ယာဦးစီးဌာန၊ ဝန်ထမ်းများက လက်တွေ့မောင်းနှင် ပြသ ပေးခဲ့ပြီး ကယားပြည်နယ်စက်မှု လယ်ယာဦးစီးဌာ၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ ဒုတိယပြည်နယ်မှူး ဦးဝင်းမျိုးအောင်၊ မြို့နယ် ဦးစီးမှူး ဦးဇော်လင်းနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)