​ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ကြက်​​ခြေနီတပ်ဖွဲ့များသို့ နှာ​ခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ် များလှူဒါန်း

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်​မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊​​ မှော်ဘီမြို့နယ်၊ ရွှေပြည်သာ မြို့နယ်များတွင် အသုံးပြုရန် နှာ​ခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ်များ ကို IR HOTAL (နန်း​တော်ဝင်)နှင့် အလှူရှင်များက လှူဒါန်းရာ ​မြောက်ပိုင်းခရိုင်ကြက်​ခြေနီဥက္ကဋ္ဌ ဦးနေဆန်းက လက်ခံယူ ပြီး အင်းစိန်မြို့နယ် ကြက်​ခြေနီတပ်ဖွဲ့၊ မင်္ဂလာဒုံမြို့နယ် ကြက်​​​ခြေနီတပ်ဖွဲ့၊ ​မှော်ဘီမြို့နယ် ကြက်​​ခြေနီ တပ်ဖွဲ့၊​ ရွှေပြည်သာမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့များသို့  ယ​နေ့ နံနက် ၉ နာရီက ဆက်လက်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ကိုဗစ် ၁၉ ​ရောဂါ ကာကွယ်ရန် ကြက်​ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အထူးလိုအပ်​​နေသည့် ကာကွယ်​ရေးပစ္စည်းများကို လှူဒါန်းခြင်း၊ ​​နေ့စဉ်အာဟာရဒါနများ ​ကျွေး​မွေးခြင်းတို့ကို ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရန် ဖွင့်လှစ်ထား​သော ​ဆေးခန်းများနှင့် မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့များသို့ စေတနာရှင် များက ​နေ့စဉ်လာ​ရောက်လှူဒါန်းလျက်ရှိ​ကြောင်းကိုလည်း သိရှိရသည်။

မျိုးသန့်(ပြန်/ဆက်)