ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာ‌ရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟု သုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုလျော့ချစေရန်ရည်ရွယ်၍ ယမန်နေ့တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများနှင့် အစာအာဟာရကျွေးမွေးခြင်းဆိုင်ရာ ကျန်း မာရေးနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက နို့တိုက်ကျွေးပုံနည်းလမ်းများ၊ စနစ်တကျ အာဟာရစားသုံးခြင်းနှင့် အစာအုပ်စု (၃)အုပ်စု သိကောင်းစရာများ၊ ကိုယ်ဝန်ကို စနစ်တကျစောင့်ရှောက်ခံယူရမည့် အကြောင်းအရာများကို နှစ်သိမ့်ဆွေးနွေးပညာပေးပြီးနောက် ကာကွယ်ဆေးများထိုးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)