မိုင်းစံ စက်တင်ဘာ ၄
ရှမ်ပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Mask တပ်ဆင်သွားလာရေး အသိ ပညာပေးခြင်းနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရေးအတွက် ယနေ့ နံနက် ၁၀နာရီ အချိန်က အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့်အတူ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ မိုင်းစံစျေးအတွင်း ရောင်းချလျက် ရှိသော စျေးဆိုင်ခန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ် ရောင်းချနိုင်ရေးနှင့် လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် Mask မတပ်ဆင်ဘဲသွားလာလျက်ရှိသော ပြည်သူ များအား Mask မတပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ လက်ကို မကြာခဏ စက္ကန့် (၂၀) ကြာအောင် စနစ် တကျ ဆေးကြောရန်၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦးတစ်ယောက်တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ပြီး Mask များ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများ အား Mask များကို ယခုဝယ် ယခုတပ်စနစ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ချို(ပြန်/ဆက်)